နေပြည်တော် အောက်တိုဘာ ၁၈

ပြည်ထောင်စု‌‌‌ရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ လာမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ‌ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများ ဥပဒေနှင့်အညီ လွတ်လပ်စွာ မဲပေးနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့် မဲရုံ တည်နေရာများ အတည်ပြုသတ်မှတ်ခြင်းများ ဆောင်ရွက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးဦးနှင့် ဦးတင်မောင်ဆွေ၊ ပြည်ခရိုင် တပ်နယ်မှူး၊ ပဲခူးတိုင်းဒေသကြီးနှင့် ပြည်ခရိုင်ရွေးကောက်ပွဲအရာရှိများ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးမှူး၊ ပေါက်ခေါင်း၊ ပေါင်းတည်၊ ပန်းတောင်း၊ ပြည်၊ ရွှေတောင်၊ သဲကုန်းမြို့နယ်တို့မှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ရွေးကောက်ပွဲ အရာရှိများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးမှူးများ၊ ပြည်မြို့နယ်အတွင်းရှိ ရပ်ကွက်‌/ ကျေးရွာအုပ်စု ၆၉ အုပ်စုမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ကော်မရှင်အဖွဲ့ဝင်များက အမှာစကား ပြောကြားသည်။ 

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများက မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေး၊ မဲရုံတည်နေရာ သတ်မှတ်အတည်ပြုနိုင်ရေးနှင့် မဲရုံသုံးပစ္စည်းများ လိုအပ်ချက်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်