မန္တလေး ၉ စက်တင်ဘာ
မန္တလေးခရိုင် ပြည်ကြီးတံခွန်မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအတွက် မဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့် မဲစာရင်းရေးသွင်းခြင်း Soft Ware သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မန္တလေးခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre၊ Computer သင်တန်း ခန်းမ၌ ယနေ့နံနက်ပိုင်းက ဖွင့်လှစ်သည်။
အဆိုပါမဲဆန္ဒရှင်စာရင်းပြုစုခြင်း သင်တန်းဖွင့်ပွဲတွင် ပြည်ကြီးတံခွန်မြို့နယ် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်သန်းက အဖွင့်အမှာစကားပြောကြားပြီး မန္တလေး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက လူထု အခြေပြုဗဟိုဌာန Community Centre တွင်သင်တန်းများဖွင့်လှစ်နေမှုများနှင့် မဲဆန္ဒရှင်စာရင်း ပြုစုခြင်းသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ပြည်ကြီးတံခွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ အဖွဲ့ဝင် (၃၀)ဦးတို့အား ယနေ့မှ စက်တင်ဘာ (၃၀)ရက်အထိ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းနိုင်


