အောက်တိုဘာလ ၅ ရက်

၁။ အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်း မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များသည် မိမိတို့၏ အမြဲတမ်းနေရပ်သို့ သွားရောက်ပြီး မဲပေးလိုခြင်းမရှိပါက မိမိတို့ရောက်ရှိနေသော မဲဆန္ဒနယ်တွင် ရွေးကောက်ခံသော လွှတ်တော်ကိုယ်စားလှယ်လောင်း များကို ဆန္ဒမဲပေးနိုင်ခွင့် ရရှိစေရန်အတွက် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ(၃-က) ဖြင့် ၁၇-၉-၂၀၂၀ ရက်နေ့မှ ၁၀-၁၀-၂၀၂၀ ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။

၂။ သို့ဖြစ်ပါ၍ အဆိုပါ မဲဆန္ဒရှင်များအနေဖြင့် ပုံစံ(၃-က)ဖြင့် လျှောက်ထားရန် နောက်ဆုံးသတ်မှတ်ရက်ဖြစ်သော ၁၀-၁၀-၂၀၂၀ ရက်နေ့အတွင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ လျှောက်ထားနိုင်ပါကြောင်း ထပ်မံအသိပေးကြေညာအပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်