မအီ ၁၃ မေ
မအီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စည်ပင်သာယာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းကမအီမြို့၊ စည်ပင်သာယာမြို့မဈေးအတွင်း၌ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများကို နှာခေါင်းစည်းများ နှင့် လက်သန့်ဆေးဗူးများ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါဖြန့်ဝေပေးခြင်းကို မအီမြို့၊ စည်ပင်သာယာရေးဦးစီးဌာန၊ ဦးစီးမှူး ဦးညီညီလွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်/ဆက် ဦးစီးမှူး ဦးအောင်ဆွေနှင့် ဝန်ထမ်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ အသိပညာပေးရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)


