မအီ၊ စက်တင်ဘာ ၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ (၃)ဦးကို ယနေ့နံနက်ပိုင်းက စစ်ဆေးတွေ့ရှိခဲ့ကြောင်း မအီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ ပိုးတွေ့လူနာ (၃)ဦးမှာ မအီမြို့၊ အမှတ်(၁)ရပ်ကွက်မှဖြစ်ပြီး အသက်(၂၃)နှစ်ရှိ အမျိုးသမီးတစ်ဦး၊ အသက်(၃၆)နှစ်ရှိ အမျိုးသမီးတစ်ဦးနှင့် အသက်(၇၉)နှစ်ရှိသူ အမျိုးသမီးတို့ ဖြစ်သည်။
၎င်းပိုးတွေ့လူနာများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မအီမြို့၊ ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်လျှက်ရှိပြီး ၎င်းတို့နှင့်ထိစပ်ခဲ့သူများနှင့် မိသားစုဝင်များကို (Home Quarantine) မိမိနေအိမ်တွင် နေထိုင်စေရေးအတွက် မအီမြို့၊ကိုဗစ်-၁၉ တားဆီးကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မအီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ ယခင်(၁၉)ဦးရှိသည့်အနက် (၂)ဦးအထိ သေဆုံးခဲ့ပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်း(၁၁)ဦး ရှိကာ ပြည်သူ့ဆေးရုံတွင် ဆေးကုသဆဲခံယူနေသူ(၆)ဦးရှိကြောင်း သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)


