ရန်ကုန် ၁ အောက်တိုဘာ
(၁၀)ကြိမ်မြောက် မဲခေါင်စာပေဆုရွေးချယ်ရေးကော်မတီသည် ပြိုင်ပွဲဝင်စာအုပ်များ ဖိတ်ခေါ်၍ အပြီးသတ်စိစစ်ရွေးချယ်ခဲ့ရာ ဝတ္ထုရှည်ဆုကို ဖိုးကျော့ရေးသားသည့် “မြေဆီမည်းမည်း သွေးရဲရဲ” (I Gave My Life For Thee) ကလည်းကောင်း၊ ဝတ္ထုတို ပေါင်းချုပ်ဆုကို ကိုရိုးကွန့်ရေးသားသည့် “ဖြောင့်ဖြောင့်စင်းစင်း ဝတ္ထုတိုများ” (Straight As Snake and Selected Short Stories)ကလည်းကောင်း ဆုများရရှိကြကြောင်း မြန်မာနိုင်ငံစာရေးဆရာအသင်းက ထုတ်ပြန်ကြေညာထားသည်။
ဗီယက်နမ်၊ ထိုင်း၊ လာအို၊ ကမ္ဘာဒီးယား၊ မြန်မာနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ ပါဝင်သည့် မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံများအတွက် ချီးမြှင့်မည့် (၁၀)ကြိမ်မြောက် မဲခေါင်စာပေဆုချီးမြှင့်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် အောက်တိုဘာ ၁၂ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
{Myanmar Digital News ၏ သတင်းများကို http://www.mdn.gov.mm တွင်လည်းကောင်း၊ Android ဖုန်းများအတွက် https://play.google.com/store/apps/details… တွင်လည်းကောင်း၊ IOS ဖုန်းများအတွက် https://apps.apple.com/…/…/myanmar-digital-news/id1213734616 တွင်လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။}


