မဲခေါင်မြစ်ဝှမ်း (၆)နိုင်ငံမှ ဗုဒ္ဓဘာသာရဟန်းတော်များ ဒုတိယအကြိမ် ဓမ္မယထရ ခရီးစဉ်အတွက် အကြိုညှိနှိုင်းအစည်းအဝေး ဘန်ကောက်မြို့တွင် ပြုလုပ်

ရန်ကုန် ၂ သြဂုတ်

Itinerary of 2nd Dharmayatra in 6 Mekong River Basin Countries (Cambodia,Lao PDR,Myanmar,Thailand,Vietnam and PRC)14-31 October 2019 အခမ်းအနား ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသည်။

အဆိုပါ ခရီးစဉ်ကို ထိုင်းနိုင်ငံ၊ ဗောဓိဂယာဝိဇ္ဇာလျ ၉၈၀ အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်းတို့ ပူးပေါင်းပြီး မဲခေါင်မြစ်ဝှမ်း (၆)နိုင်ငံတို့မှ ဗုဒ္ဓဘာသာ ရဟန်းတော်များ၏ ဒုတိယအကြိမ်မြောက် ဓမ္မယထရခရီးစဉ်ဖြစ်ပြီး အောက်တိုဘာ ၁၄ ရက်မှ ၃၁ ရက်နေ့အထိ ဖြစ်ကြောင်းသိရသည်။ 

ယနေ့ကျင်းပသည့် အကြိုညှိနှိုင်းအစည်းအဝေးသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂ အသင်း(ဗဟို) ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ တက်ရောက် ဆွေးနွေးခဲ့သည်။

 

mdn

 

ဓမ္မယထရ ခရီးစဉ်တွင် ကမ္ဘောဒီးယား၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ မှ သံဃာတော်များ ပါဝင်မည်ဖြစ်ပြီး ခရီးစဉ် စတင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့၌ အောက်တိုဘာ ၁၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။ 

အောက်တိုဘာ ၁၆ ရက်တွင် သံဃာတော်များမှ မယ်ဆိုင် တာချီလိတ် နယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်မည်ဖြစ်ပြီး နယ်စပ်စစ်ဆေးရေး ဂိတ်မှ စတင်၍ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမည်ဖြစ်ပြီး အဆိုပါ အခမ်းအနားသို့ မဲခေါင်မြစ်ဝှမ်း (၆)နိုင်ငံတို့မှ တာဝန်ရှိသူများ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

လင်းလင်း