နေပြည်တော် ၁၆ အောက်တိုဘာ
တရုတ်နိုင်ငံ ကူမင်းသွားဘက်ဆိုင်ရာတက္ကသိုလ်မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည့် (၁၄)ကြိမ်မြောက် မဲခေါင်မြစ်ဝှမ်းဒေသတွင်း နိုင်ငံများရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ အချင်းချင်း ပညာရေးပူးပေါင်းဆောင်ရွက်မှု ညီလာခံ (14th International Dental Collaboration for Mekong River Region Congress) ကို အောက်တိုဘာ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပမည်ဖြစ်သည်။
အဆိုပါ ညီလာခံသို့ တက်ရောက်ရန် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်-ရန်ကုန် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာရွှေတိုးနှင့် သုတေသနစာတမ်းတင်သွင်းမည့် ဆရာမ (၂)ဦး ပါဝင်သောအဖွဲ့သည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့မှ တရုတ်နိုင်ငံ၊ ယူနန် ပြည်နယ် ကူမင်းသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


