ဒဂုံ ၇ ဩဂုတ်
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ပြည်သူများ မဲပေးခွင့်ရှိသည့် အခွင့်အရေး မဆုံးရှုံးစေရန်အတွက် နိုင်ငံသားတိုင်း မဲပေးခွင့်ရှိသည် ခေါင်းစဉ်ဖြင့် ယနေ့ နံနက် ၉ နာရီခွဲက အမှတ် (၅၃) ရပ်ကွက်ရှိ မင်္ဂလာအောင်သိဒွီ ဓမ္မာရုံကြီး၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ မှတ်ပုံတင်များ အခမဲ့လာရောက် ပြုလုပ်ပေးကြောင်း သိရသည်။
မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမြင့်မှ ဦးဆောင်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနင့် တာဝန်ရှိသူများ၊ စေတနာ အကျိုးဆောင်အဖွဲ့များ၊ ရပ်မိရပ်ဖများ၊ တာဝန်ရှိသူများ အနီးကပ်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်မင်းဟန်(ဒဂုံတောင်)


