ဗြိတိသျှအစိုးရက ရုပ်သိမ်းရေး သဘောတူညီမှုတစ်ရပ်အတွက် မဲအများစု မရရှိခြင်းအပေါ် စိတ်ပျက်မိပါကြောင်း ဥရောပကောင်စီဥက္ကဌ ဒေါ်နယ်တပ်စ်က ပြောကြားသည်။
အီးယူအနေဖြင့် သဘောတူညီချက်ရရှိရန် ဖြစ်နိုင်ခြေအားလုံးကို လုပ်ဆောင်ခဲ့ကြောင်း တပ်စ်က အင်္ဂါနေ့က ဗြိတိသျှလွှတ်တော်တွင် သဘောတူညီချက်ကို ပယ်ချခဲ့ပြီးနောက် ချက်ချင်းဆိုသလို ထုတ်ပြန်ခဲ့သည့် ကြေညာ ချက်တစ်ခုအတွင်း ပြောကြားသည်။
ဗြိတိန်နိုင်ငံတွင် လက်ရှိ အနေအထားမှ အကျပ်အတည်းလွတ်မြောက်အောင် ဆောင်ရွက်နိုင်သည့် အဖြေတစ်ခု ရှိနိုင်ကြောင်း ၄င်းက ပြောကြားသည်။
အီးယူက အနာဂတ်ဖြစ်နိုင်ချေများအတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း တပ်စ်က ပြောကြားသည်။
ယုံကြည်ရလောက်သော ကျိုးကြောင်းပြချက်တစ်ရပ်ရှိလျင် ဘရက်ဇက်မှထွက်ခွာမည့်ရက် နှောင့်နှေးကြန့်ကြာ စေရေး အီးယူအဖွဲ့ဝင်နိုင်ငံများက ထည့်သွင်းစဉ်းစားရန် အဆင်သင့်ရှိကြောင်း ၄င်းက ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်