လားရှိုး ၂၈  အောက်တိုဘာ

 

လားရှိုးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအာကာလင်းနှင့် အဖွဲ့ဝင်များသည် အောက်တိုဘာ ၂၇ ရက် ညနေ ၄ နာရီခွဲက လားရှိုးမြို့ လမ်းမတော်လမ်း အမှတ်(၂)ရပ်ကွက်၊ အလက(၅) အခြေခံပညာ အထက်တန်းကျောင်းခွဲရှိ  စံပြမဲရုံဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုခဲ့ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းဇော်မင်း၊ ရပ်ကွက်(၂)အုပ်ချုပ်ရေးမှူးနှင့် မဲရုံတာဝန်ရှိသူများက ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များအတိုင်း မဲရုံအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းပြသည်။ လားရှိုးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအာကာလင်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါ မဲရုံ၌ မသန်စွမ်းသူများ လာရောက်မဲပေးနိုင်ရေးအတွက် အဆင်ပြေစေရေး ဝှီးလ်ချဲလမ်းကိုလည်း ဆောင်ရွက်ပေးထားကြောင်း သိရပြီး အသက်(၆၀)နှင့်အထက် ဆန္ဒမဲပေးမည့်သူ (၁၀၀) ခန့်ရှိကြောင်း ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

 

ဟန်ဌေး(လားရှိုး)