ရှမ်းရွာသစ်  ၁၄  ဧပြီ

 

သင်္ကြန်ပိတ်ရက် ရှည်ကာလအတွင်း ပုံမုန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးရမှ ထောက်ပံသည့် အခြေခံစားသောက်ကုန် ပစ္စည်း(၅)မျိုးထောက်ပံ့ခြင်းကို ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စု၊ မဲကတောခီးကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။ မဲသမူးကျေးရွာအုပ်စု အတွင်းရှိ ကျော်တလိခို၊ ထရီးဖိုးကွီး၊ ထီးပလိုထ၊ ဘောဘောခီး၊ မဲကတောခီး၊ ထီကြားရ၊ ထီးမဲပေါ၊ ထီးခလိုးသော၊ ထီးကနဲကျေးရွာတို့မှ ပုံမုန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင် (၂၈၂)စုတို့အတွက် အခြေခံစား သောက်ကုန်ပစ္စည်း (၅)မျိုးကို အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦး၊ ရှမ်းရွာသစ်မြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ပြည်သူများ လက်ဝယ်အရောက် စနစ်တကျ ထောက်ပံ့ပေးခဲ့ကြောင်းနှင့် လူစုလူဝေးမဖြစ်စေရေး ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

           

ဝေဠု (ပြန်/ဆက်)