ရန်ကုန် ၁၂ စက်တင်ဘာ

Malaysia Palm Oil Council (MPOC)၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ စက်တင်ဘာ ၁၃ ရက်တွင်ကျင်းပမည့် ALAYSIA-VIETNAM PALM OIL TRADE FAIR & SEMINAR သို့ တက်ရောက်ရန် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်ကြူ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြရာ အသင်းဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမောင်မြင့်၊ ဦးအောင်မြင့်ဦး၊ ဦးအုန်းသွင်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။  

သတင်းစဉ်