ညောင်ဦး   ၁၂   မေ

 

မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများအတွင်း Mask များ စနစ်တကျတပ်ဆင်သွားလာရေး အသိပေးကြေညာခြင်းအား မေ ၁၁ ရက်နေ့ ညနေ ၆ နာရီက စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

ညောင်ဦးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများသည် ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာရာတွင် မဖြစ်မနေ Mask စနစ်တကျ တပ်ဆင်သွားလာစေရေး၊ အသိပညာပေးကာလရက်သတ်မှတ်ချက်များ၊ အဆိုပါအသိပညာပေးခြင်းနှင့် အသိပညာပေး ကာလနောက်ပိုင်း Mask စနစ်တကျတပ်ဆင်ခြင်း မရှိသူများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရ၏ ညွှန်ကြားချက်များအတိုင်း လိုက်လံအသိပေးကြေညာခဲ့သည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်း မေ ၉ ရက်မှ မေ ၁၅ ရက်နေ့အထိ Mask စနစ်တကျ တပ်ဆင်ရေး အသိပညာပေးကာလအဖြစ်သတ်မှတ်ပြီး ထိုကာလအတွင်း Mask တပ်ဆင်ခြင်းမရှိဘဲ ပြင်ပသွားလာသူအား ငွေကျပ် ၁၀ဝဝ ဖြင့် Mask ၂ ခုဝယ်ယူစေခြင်း၊ မေ ၁၅ ရက် နောက်ပိုင်းတွင် ကျပ်ငွေ ၅၀ဝ၀ ဖြင့် Mask ၂ ခုဝယ်ယူစေခြင်းနှင့် သက်ဆိုင်ရာတည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ မေ ၈ ရက် ရက်စွဲပါ ကြေညာချက်အရ သိရသည်။

 

ဖေလိန်း(ပုဂံ)