မအူပင် မေ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် (၁၆.၅.၂၀၂၂) ရက်နေ့မှ (၂၇.၅.၂၀၂၂)ရက်နေ့အထိ (၂)ပတ်တာ ကာလ ဖွင့်လှစ်ခဲ့သော နွေရာသီ အခြေခံပန်းချီသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီက မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် မအူပင်မြို့နယ် စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဌဦးစောမောင်မှ အဖွင့်အမှာစကားပြောကြားပြီး မအူပင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ၎င်းနောက် ပန်းချီသင်တန်းဆရာဦးပိုက်အား ဂုဏ်ပြုလက်ဆောင် ပစ္စည်းများချီးမြှင့် ပေးအပ်ခဲ့ပြီး သင်တန်းဆင်းပွဲအား အောင်မြင်စွာကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ မြန်မာစာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ၊ အမျိုးသမီးများအသင်း (Woman Club)အဖွဲ့ဝင်များ၊ လူငယ်များအသင်း(Youth Club)အဖွဲ့ဝင်များ၊ သင်တန်းသား သင်တန်းသူများနှင့် မိဘများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)