မအူပင် ၁၁ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိသည့် လူနာများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးကာလအတွင်း အသက်ရှုလမ်းကြောင်းဆိုင်ရာ အရေးပေါ်လူနာများအတွက် အသုံးပြုရန်အတွက် သင်္ဃန်းကျွန်းမြို့နယ် မေခအိမ်ရာနေ အလှူရှင် ဦးတင်စိုးနှင့်ဇနီး ဒေါ်နန့်ဝါဝါဒွန်း၊ သားမောင်ဟိန်းထက်စိုး၊ မောင်ရှင်းသန့်စိုး မိသားစုတို့မှ ငွေကျပ် (၁၇၈)သိန်းတန်ဖိုးရှိ အသက်ရှူစက်အား ယနေ့ နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်ခိုင်၊အောင်မြင့်မြတ်(မအူပင်)


