မအူပင်၊         ၁၂      ဇွန်


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဇွန် ၁၁ ရက်က ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဌာနဆိုင်ရာကော်မတီဝင်များနှင့် ပူးပေါင်းညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးနှင့်  သဘာဝဘေးမဖြစ်ပွားမီ၊ ဖြစ်ပွားစဉ်နှင့် ဖြစ်ပွားပြီး အချိန်များတွင် ဆောင်ရွက်ထားရှိရမည့် လုပ်ငန်းများအား ကြိုတင်ပြင်ဆင်ထားရှိနိုင်ရေး၊ ဌာနဆိုင်ရာ ကော်မတီဝင်များအနေဖြင့် စီမံချက်ပါလုပ်ငန်းများအတိုင်း ပူးပေါင်းဆောင်ရွက် သွားကြရန် ပြောကြားသည်။ ဆက်လက်၍ ခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး
ဦးကိုကိုဦးက သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးအတွက် လူအင်အား ၃၅ ဦး၊ ပစ္စည်းအင်အား ဆောင်ရွက်ထားရှိပြီးဖြစ်ပြီး ကယ်ဆယ်ရေး ပစ္စည်းများကို ကြံ့ခိုင်မှုရှိရေးဆောင်ရွက်ထားရှိကြောင်းနှင့် ဌာနဆိုင်ရာကော်မတီဝင်များက ဌာနအလိုက်ဆောင်ရွက်နိုင်မည့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ အသိပညာပေးရေး၊ ကူညီထောက်ပံရေး၊ လုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပြင်ဆင်ထိန်းသိမ်းမှု၊ ပျက်စီး ဆုံးရှုံးမှု၊ ပြန်လည်နေရာချထားမှု စသည့်လုပ်ငန်းတာဝန်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်ခိုင်(ပြန်/ဆက်)