မအူပင် ၁၂ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ငါးလုပ်ငန်းဦးဌာနမှ ကြီးမှူးကျင်းပသော ငါးသယံဇာတ ရေရှည်ဖွံဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားအား မအူပင်မြို့၊ မင်းဧရာတံတားတွင် ယမန်နေ့က ကျင်းပြုလုပ်ရာ မအူပင်ခရိုင်အဆင့် တာဝန်ရှိသူများ၊ မအူပင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူးနှင့်ဌာနဆိုင်ရာမြို့နယ်မှူးများ၊ မအူပင်ခရိုင် ငါးဦးစီးဝန်ထမ်းများ၊ မအူပင်ခရိုင်အတွင်းရှိ ငါးလုပ်ငန်းစခန်း(၃)ခုတို့မှ စခန်းတာဝန်ခံများနှင့် ဝန်ထမ်များပါဝင်၍ ငါးမျိုးစိုက်ခြင်းအား စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ငါးမျိုးစိုက်ထည့် ငါးသားပေါက် ငါးမျိုးများအား မအူပင်မြို့နယ်အတွင်းတွင်တည်ရှိသော တလုပ်လှငါးလုပ်ငန်းစခန်းနှင့် အောင်ဟိတ်ငါးလုပ်ငန်းစခန်းတို့မှ့ ငါးမြစ်ချင်းသားပေါက်ကောင်ရေ(၁)သိန်း၊ ငါးခုံးမကြီးသားပေါက်ကောင်ရေ (၁)သိန်း၊ ငါးတန် (၄)လက္မကောင်ရေ (၁)သောင်း တို့အား ဧရာဝတီမြစ်ခွဲ တိုးမြစ်အတွင်းသို့ မျိုးစိုက်လွှတ်ခြင်းအား ဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။
MDN


