မအူပင် ၁၀ နိုဝင်ဘာ
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမြင့်(ဒုတိယညွှန်ကြားရေးမှူး)နှင့်အဖွဲ့ ဝန်ထမ်းများသည် ယမန်နေ့ နံနက် (၁၁)နာရီက ဓနုဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် စတုတ္ထ(၃)လပတ် ဌာနတွင်း လုပ်ငန်း စာရင်းဇယားများ စစ်ဆေးခြင်း၊ အကျော်ကျေးရွာအုပ်စု၊ ကျုံတမျှင်ကျေးရွာရှိ ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်နေမှု၊ စာရင်းဇယားများထားရှိမှု၊ ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံ၍ လိုအပ်ချက်များရှင်းလင်းဆွေးနွေးခဲ့ ကြောင်းသိရသည်။
အောင်မြင့်မြတ်(မအူပင်)၊ အောင်ခိုင်