မအူပင်   နိုဝင်ဘာ   ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို အမှတ်(၄)ရပ်ကွက် တိုးရွှေဝါခန်းမတွင် နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီက စတင်ထိုးနှံပေးသည်။

မအူပင်မြို့နယ်အနေဖြင့် အခြေခံပညာကျောင်းပေါင်း ၃၂၂ ကျောင်းရှိပြီး အသက် ၁၂ နှစ်အထက် ၁၄၂၁၂ ဦးရှိရာ မြို့ပေါ်ကျောင်းများအား တိုးရွှေဝါခန်းမတွင် ဆေးထိုးစင်တာဖွင့်လှစ်ထားပြီး ကျေးရွာအုပ်စုအလိုက် ကျောင်းများအား တိုက်နယ်အလိုက် ဆေးထိုးစင်တာ ဖွင့်လှစ်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အဆင်ပြေစွာ ထိုးနှံနိုင်ရန် မြို့နယ်ကျန်းမာရေးဌာနတာဝန်ရှိသူများနှင့် မြို့နယ်ပညာရေးဌာနတာဝန်ရှိသူများ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)