မအူပင် ၂ မတ်
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
စကားဝိုင်းဆွေးနွေးပွဲတွင် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုး၊ ခရိုင် သွားကျန်မာရေး ဆရာဝန် ဒေါက်တာဇော်ဝင်းလှိုင်၊ မြို့နယ်ကျန်မာရေးမှူး ဦးမြင့်အောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ခင်တို့က ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ ဦးဆောင် ဆွေးနွေးပြီး ကျောင်းသား ကျောင်းသူများက ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသည့် အကြောင်းအရင်း၊ ရောဂါကူးစက် ပျံနှံ့နိုင်မှု၊ ရောဂါကာကွယ်နိုင်သည့်နည်းလမ်း၊ အသိပညာပေး ဆောင်ရွက်ထားရှိ နိုင်မှုများကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲကို မအူပင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ဆွေးနွေးပွဲသို့ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ၊ ဆရာမ (၂၀ဝ)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)


