မအူပင်၊ ၅ ဇန်နဝါရီ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ်ကာလအတွင်း ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများ၏ အခက်အခဲများကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းပေးနိုင်ရန်နှင့် အများပြည်သူများ လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်ရေးအတွက် သမဝါယမကဏ္ဍမှ ကူညီဆောင်ရွက်ပေးလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် သမဝါယမဦးစီးဌာနနှင့် မအူပင်မြို့နယ် သမဝါယမအသင်းစုတို့ ပူးပေါင်း၍ အသင်းစုပိုင် ငါးမွေးမြူရေးကန်ရှိ ငါးမြစ်ချင်းပိဿာချိန် ၁၅၀၀ ခန့်အား တစ်ပိဿာလျှင် ငွေကျပ် ၂၇၀၀ မှ ၃၀၀၀ နှုန်းများဖြင့် မြို့နယ်အတွင်းရှိ သမဝါယမအသင်းသား ပြည်သူများထံသို့ လက်လီလက်ကား ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

သမဝါယမဦးစီးဌာန