မအူပင် ၂၉ ဇန်နဝါရီ
ပြည်သူများစားသုံးရန် မသင့်သည့် ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက မအူပင်မြို့တွင် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ စစ်ဆေးခြင်းကို မအူပင်မြို့ရှိ ဈေးဆိုင်ခန်းများ၊ မုန့်ဟင်းခါး ထုတ်လုပ်သည့် လုပ်ငန်းရှင်များထံ သွားရောက်စစ်ဆေးခဲ့ပြီး စားသုံးရန်မသင့်သည့် စားသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်း မပြုရန်အတွက် လုပ်ငန်းရှင်များ၊ ဖြန့်ဖြူးသူများအား သတ်မှတ်စည်းကမ်းနှင့်အညီ ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ စားသုံးရန်မသင့်သည့် ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ခရိုင်စားသုံးသူ ရေးရာအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့နှင့် FDA အဖွဲ့တို့ပူးပေါင်း၍ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောင်မြင့်မြတ်(မအူပင်)