မအူပင် အောက်တိုဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် စဉ်ဆက်ပညာရေးလုပ်ငန်း စာသင်ဝိုင်းများ သင်ကြားနေမှုများအား ယမန်နေ့နံနက်ပိုင်းက စ‌ဉ်ဆက်ပညာရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များမှ ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ စဉ်ဆက်ပညာရေးလုပ်ငန်းများအား မအူပင်မြို့နယ်အတွင်း ကျေးရွာအုပ်စု ၅၅ အုပ်စုရှိ စာသင်ဝိုင်းပေါင်း ၁၀၀ တွင် စာသင်သားဦးရေ ၁၀၀၀ အား သင်ကြားပို့ချပေးလျက်ရှိပြီး မလက်တိုကျေးရွာအုပ်စု၊ လှိုင်းတာကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် သင်ကြားနေမှုနှင့် အလန်းအုပ်ကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် သင်ကြားနေမှုများအားလည်းကောင်း၊ ဝါးတောကျေးရွာအုပ်စု၊ ထနီဒေါင့်ကျေးရွာရှိ မိုးကုတ်ဝိပဿနာဓမ္မာရုံ ဘုန်းတော်ကြီးကျောင်းတွင် သင်ကြားနေမှုများအားလည်းကောင်း စဉ်ဆက်ပညာရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကြည့်ရှုအားပေးခဲ့ကြပြီး မုန့်နှင့်အချိုရည်များ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။  

အောင်မြင့်မြတ် (ပြန်/ဆက်)