မအူပင် ၂၃ ဖေဖော်ဝါရီ
မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု (၆)ခရိုင် အမျိုးသား/ အမျိုးသမီးလှေလှော် လူရွေးပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၂ ရက်နှင့် ၂၃ ရက်က မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု၊ ပပင်ကျေးရွာတွင် ကျင်းပခဲ့သည်။

လှေလှော်ပြိုင်ပွဲတွင် ဧရာဝတီတိုင်း ကိုယ်စားပြု ရွေးချယ်ရန်အတွက် ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်၊ လပွတ္တာခရိုင်များမှ အမျိုးသား/အမျိုးသမီး ပြိုင်ပွဲဝင်လှေလှော်အဖွဲ့များ ပါဝင်ယှဉ်ပြိုင်ကြသည်။ ဗိုလ်လုပွဲတွင် မအူပင်ခရိုင်အမျိုးသား (က) အသင်းနှင့် အမျိုးသား (ခ) အသင်း၊ အမျိုးသမီးပွဲတွင် မအူပင်ခရိုင် အမျိုးသမီး (က) အသင်းနှင့် အမျိုးသမီး (ခ) အသင်းတို့ တက်ရောင်ယှဉ်ပြိုင်ကြရာ အမျိုးသားအသင်းတွင် (ခ) အသင်းကပထမ၊ (က) အသင်းက ဒုတိယနှင့် အမျိုးသမီးပွဲတွင် (ခ) အသင်းကပထမ၊ (က) အသင်းကဒုတိယ အသီးသီးရရှိပြီး ဆုတံဆိပ်နှင့် ငွေသားဆုများကို အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်၊ မအူပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ကိုလေး၊ ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးကြောင်း သိရသည်။

အောင်ခိုင်၊ အောင်မြင့်မြတ် (မအူပင်)
