မအူပင် မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော အိမ်ထောင်စုများအား ကျေးရွာများအရောက် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် မအူပင်မြို့နယ် ချောင်းဖျားကြီးကျေးရွာရှိ လူနေအိမ် တစ်လုံး၊ စာဖြူစုကျေးရွာရှိ လူနေအိမ် (၂)လုံးပြိုကျပျက်စီးခဲ့ပြီး လူနေအိမ်မှာ အမိုးလန်ပျက်ဆီးခဲ့သောကြောင့် မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးအေးလွင်နှင့် မြို့နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများက လေဘေးသင့် မိသားစုဝင်များအား ရွှေ့ပြောင်းပေးခြင်း၊ ပြိုကျပျက်စီးခဲ့သော နေအိမ်များအား ရှင်းလင်းပေးခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများ၊ ဆန်ရိက္ခာများနှင့် ထောက်ပံ့ငွေများပေးအပ်ကာ မိသားစုဝင်များအား အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)