မအူပင်၊ ၁၀ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ငါးလုပ်ငန်းတာဝန်ခံ ဦးဆန်းဝင်း၏ ဦးဆောင်မှုဖြင့် ငါးသယံဇာတတိုးပွားရေးအတွက် ငါးမျိုးမပြုန်းတီးစေရေး ငါးမျိုးစိုက်ထည့်ပွဲကို ဇွန် ၁၀ရက် နံနက် ၁၀ နာရီက အမှတ်(၁)ရပ်ကွက် တိုးမြစ်ကမ်းဘေး ရွှေမာလာဆိပ်ကမ်းတွင် ကျင်းပသည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲသို့ ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့မှ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ကြပြီး ခရိုင်ငါးလုပ်ငန်းတာဝန်ခံ ဦးဆန်းဝင်းနှင့် ဝန်ထမ်းများ အောင်ဟိတ်ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးအောင်မြင့်မိုး၊ တလုပ်လှငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်အေးအေးမင်းနှင့်ဝန်ထမ်းများက စုပေါင်း၍ ငါးခုံးမကြီး၊ ၂လက်မအရွယ် ငါးမြစ်ချင်း ငါးသားပေါက်အကောင်ရေ(၅)သိန်းအား ငါးသယံဇာတတိုးပွားရေး အတွက် တိုးမြစ်အတွင်းသို့ စုပေါင်း ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း ခရိုင်ငါးလုပ်ငန်းတာဝန်ခံထံမှ သိရသည်။
အောင်ခိုင် (မအူပင်)


