mdn

မအူပင်  ၂၀ ဇွန်

 

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ငါးကြီးဂရက်ဘက်စုံနည်း ပညာသုံး စံပြ ကျေးရွာ တောင်သူ ဦးချစ်တင်၏လယ်မြေ ၁၀ ဧကတွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံ​လျော်) စံကွက်ရိတ်သိမ်းခြင်း နှင့်ထယ်ထိုး၊ထွန်မွှေ၊မြေမြုပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

 

၂၀၂၀ ခုနှစ် မြေဆီလွှာဖွံ​ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျော်)ဧက ၂၆၀ စိုက်ပျိုးခဲ့သည်။ မိုးစပါးမြေဆီလွှာဖွံဖြိုးရေးအတွက် အောင်မြင်ဖြစ်ထွန်းနေသော သစ်စိမ်းမြေသြဇာ (ပိုက်ဆံ လျော်) စိုက်ခင်းအား ထယ်ထိုးခြင်း၊ ထွန်မွှေခြင်း၊ မြေမြုပ်ခြင်းလုပ်ငန်းများကို မအူပင်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမြို့နယ်ဥွီးစီးမှူး ဦးသာအေး ဦးဆောင်သော ဝန်ထမ်းများက ထိုကျေးရွာ ရှိလယ်မြေဧက (၁၀)ဧကတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျော်)စံကွက်ရိတ်သိမ်းခဲ့ရာ(၅.၈၈)တန်နှုန်းထွက်ရှိခဲ့ပြီး ထယ်ထိုး၊ ထွန်မွှေ၊ မြေမြုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ စံကွက်ရိတ်သိမ်းရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းသန်းအောင် နှင့်တာဝန်ရှိသူများ၊တောင်သူများတက်ရောက်ခဲ့ကြောင်းသိရသည်။

 

ကျော်ဆန်းမြင့်