မအူပင်၊ ၁၁ ဇွန်
ဧရာဝတီတိုင်းဒေကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ယခင်ယာဉ်ပြေးဆွဲလျက်ရှိသည့် မအူပင်စုပေါင်း ကားဂိတ်အမည်အစား ကောင်းထက်သူ+ရွှေလမင်းဂိတ်ခရီးသည် ပို့ဆောင်ရေးယာဉ် အသင်းအဖြစ် ဆိုင်းဘုတ်တင်ပွဲကို ဇွန် ၁၁ ရက် နံနက် ၉ နာရီက မအူပင်မြို့ ကားဂိတ်ဝန်းလက်မှတ် အရောင်းဌာနတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ကောင်းထက်သူ+ ရွှေလမင်း ခရီးသည်ပို့ဆောင်ရေးယာဉ် အသင်းသည် ယခင်ပြေးဆွဲလျက်ရှိသည့် မအူပင်- ဒလ- ဘီအိုစီ- ဒဂုံဧရာ အဝေးပြေး ယာဉ်ရပ်နားစခန်းအထိ နေ့စဉ် နံနက်၆နာရီမှ ညနေ၄နာရီထိ မအူပင်မှ ရန်ကုန်သို့ တစ်နေ့အလှည့်ကျ အစီး (၃၀) ပုံမှန်ပြေးဆွဲလျက်ရှိသည်။
ယခင်က ခရီးသည်တစ်ဦးလျှင် မအူပင်- ရန်ကုန် ကားခ ၂၀၀၀ ကျပ်ဖြင့် ပြေးဆွဲလျက်ရှိပြီး ယခုအခါ COVID-19 ရောဂါကာကွယ်ရေးကာလတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မှန်လုံကားအသေးဖြင့် လူဦးရေ ယခင်က(၁၄)ဦး တင်ဆောင်သော်လည်း ယခု(၇)ဦးဖြင့် ပြေးဆွဲသဖြင့် တစ်ဦးလျှင် ကျပ်ငါးထောင်နှုန်းဖြင့် ပြေးဆွဲလျက်ရှိပါကြောင်း ဂိတ်တာဝန်ရှိသူထံမှ သိရသည်။
အောင်ခိုင် (ပြန်/ ဆက်)


