နေပြည်တော်၊  ၂၅  ဒီဇင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်း၌ ဒီဇင်ဘာလ ၂၄ ရက် မွန်းလွဲ ၁ နာရီခန့်က တိုးမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် အောက်ပိုင်းကျေးရွာ၌ မြစ်ကမ်းပါး အနီးနေထိုင်သော အိမ်ထောင်စု ၄ စု၊ လူဦးရေ ၁၉ ဦးတို့သည် ၎င်းတို့၏နေအိမ်အား ဖျက်သိမ်း၍ ဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊

အလားတူ မွန်းလွဲ ၁ နာရီ ၅ မိနစ်ခန့်က ဓနုဖြူမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ရေလဲကြီးကျေးရွာအနီး၌ မြစ်ကမ်းပါးပြိုကျခဲ့ပြီး လူနှင့် တိရစ္ဆာန်ထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့ကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)