မအူပင် ၁၃ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မအူပင်တက္ကသိုလ်၏ (၁၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ဇန်နဝါရီ ၁၂ ရက် မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ မအူပင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမင်းအောင်၊ ဒုတိယပါမောက္ခချုပ်၊ သက်ဆိုင်ရာဌာနမှူးများ၊ ဌာနခွဲမှူးများ၊ မော်ကွန်းထိန်း သင်တန်းရေးရာဌာနမှ တာဝန်ရှိသူများနှင့် ၂၀၁၈ ပညာသင်နှစ်တွင် ဘာသာရပ်အလိုက် ဘွဲ့ရကျောင်းသား၊ ကျောင်းသူများနှင့် မိဘဆွေမျိုးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မအူပင်တက္ကသိုလ် ပါမောက္ခချုပ်က အဖွင့်အမှာ စကားပြောကြားပြီး ၂၀၁၈ ပညာသင်နှစ်တွင် ဘွဲ့ရရှိသည့် မဟာသုတေသနဘွဲ့ (၁၁)ဦး၊ မဟာဝိဇ္ဇာဘွဲ့ (၈)ဦး၊ မဟာသိပ္ပံဘွဲ့ (၃၈)ဦး၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ (၁၁)ဦး၊ သိပ္ပံဂုဏ်ထူးဘွဲ့ (၇၃)ဦး၊ ဝိဇ္ဇာဘွဲ့ (၁၇၂)ဦး၊ သိပ္ပံဘွဲ့ (၃၁၂)ဦး စုစုပေါင်း (၆၂၅)ဦးကို မအူပင်တက္ကသိုလ်ပါမေက္ခချုပ်မှ ဘွဲ့လက်မှတ်များ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်ခိုင်၊ ပြည့်ဖြိုးကျော်