မအူပင်      မေ      

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်တက္ကသိုလ်တွင် နည်းပြ/သရုပ်ပြ ဆရာ၊ ဆရာမ အသစ်များအား ကြိုဆိုပွဲအခမ်းအနားကို မေ ၆ ရက် နံနက်ပိုင်းက မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ အူပင်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်များ၊ စီမံနှင့်သင်တန်းဌာနမှူးများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး မအူပင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနီနီဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကြသည်။ မအူပင်တက္ကသိုလ်တွင် နည်းပြ/သရုပ်ပြ ဆရာ ဆရာမအသစ် ၃၁ ဦး ခန့်အပ်ခဲ့ကြောင်းသိရသည်။

 

အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)