မအူပင်  ၁၃   ဩဂုတ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် မအူပင်တက္ကသိုလ်၏ ကာယဗလမောင်နှင့် ကာယကြံ့ခိုင်မှုမယ် ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။

 

3636

 

ပြိုင်ပွဲတွင် ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား ၉ ဦး၊ ကာယမယ်ပြိုင်ပွဲတွင် ကျောင်းသူ ၁၄ ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး မောင်ပြိုင်ပွဲနှင့် မယ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအား မအူပင်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဝင်းမြင့်သိန်း၊ ဒေါက်တာလွင်လွင်မြင့်နှင့် မအူပင်တက္ကသိုလ် အနုပညာအသင်းဥက္ကဋ္ဌ ဒေါက်တာဖြူဖြူလွင် (ဒဿနိကဗေဒ)၊ မအူပင်တက္ကသိုလ် ကာယအလှနှင့် ကာယဗလဥက္ကဋ္ဌ ဒေါက်တာ အောင်ဆန်း(ဒဿနိကဗေဒ)နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများချီးမြှင့်ပေးကြောင်း သိရသည်။

အောင်ခိုင်၊ အောင်မြင့်မြတ် (မအူပင်)