မဘိမ်း ဇူလိုင် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မဈေးအတွင်းရှိ ဈေးဆိုင်ခန်းများအား မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ပိုးသတ်ဆေးဖျန်းကို ဇူလိုင် ၈ ရက် မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်း၏ ကြီးကြပ်မှုဖြင့် မြို့နယ် စည်ပင်သာယာရေးဦးစီးဌာန၊ အမှုဆောင်အရာရှိ ဦးဝင်းမြတ်ကျော်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ လက်ရှိဖြစ်ပွားမှုအခြေအနေများအရ ဈေးရောင်းဈေးဝယ်သူများအား ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့မဈေးအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးဆိုင်ခန်းများအား ပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်းများနှင့် ဈေးအတွင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)


