mdn

မဘိမ်း      စက်တင်ဘာ      ၉ 

    
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ အသက်(၁)နှစ်အောက် ကလေးများ အား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်မိခင်နှင့်က လေး ကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဆေးခန်းများတွင် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။  
    
အဆိုပါပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို မြို့နယ်အတွင်းရှိ အသက်(၁)နှစ် အောက် ကလေးများအား အဆုတ်ရောဂါကာကွယ်ဆေး၊ ငါးမျိုးစပ်ဆေး၊ ဆုံဆို့၊ ကြက်ညှာ၊ အသည်း ရောင်အသားဝါ၊ ဦးနှောက်အမြှေးရောင်၊ နမိုးနီးယားကာကွယ်ဆေး၊ ပိုလီယိုသောက်ဆေးနှင့်ထိုး ဆေး၊ ပြင်းထန်ဝမ်းရောဂါကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြပြီး ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန နှင့် ကျေးလက်ကျန်းမာရေးဆေးခန်းများတွင် တစ်လလျှင်တစ်ကြမ် ထိုးနှံတိုက်ကျွေးသွားမည်ဖြစ် ကြောင်း သိရသည်။ 

                 
 မျိုးမင်း (ပြန်/ဆက်)