မဘိမ်းမြို့နှင့် တောင်ငူမြို့၌ တရားမဝင်ကျွန်းသစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၇ မတ် 

 

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်အရ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များသည် မဘိမ်းမြို့နှင့် တောင်ငူမြို့၌ တရားမဝင် ကျွန်းသစ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

1

 

ပြစ်မှုကျူးလွန်သူများထံမှ ဖမ်းဆီးရရှိမှုများအနေဖြင့် မတ် ၅ ရက်တွင် မဘိမ်းမြို့နယ် မိုင်းသာကြိုးဝိုင်းအတွင်း၌ တရားမဝင်ကျွန်းခွဲသား (၁၀ဝ၀)ချောင်း (၁၀ ဒသမ ၄၁၆၆)တန်နှင့် မတ် ၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ခပေါင်းကြိုးဝိုင်းအတွင်း၌ တရားမဝင်ကျွန်းသစ် (၈၃ ဒသမ ၃၉၈၆) တန်၊ ပျဉ်းကတိုးသစ်လုံး/ခွဲသား (၂၅)တန်ခန့်၊ တရားမဝင်သစ်စက်နှင့် ဆက်စပ်ပစ္စည်းများပါဝင်ပြီး ပြစ်မှုကျူးလွန်သူများအား အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ 

 

ကိုမျိုး