မဘိမ်း ၉ ဇူလိုင်
ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင်ထွန်းလင်း ဦးဆောင်ပြီး လားရှိုးခရိုင်ဦးစီးမှူး ဦးစောလင်း၊ ပြည်နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ကြူကြူသင်း၊ မဘိမ်းမြို့နယ်ဦးမှူး ဦးသိန်းဝင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ ရေလုပ်သားများ စုပေါင်း၍ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ပွေးတူးကျေးရွာနှင့် မြစ်ဆုံကျေးရွာ၏ ရွှေလီမြစ်ကမ်းဘေးတွင် ဘက်ထရီ ရှော့တိုက် ငါးဖမ်းဆီးမှု မပြုလုပ်စေရေး ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေး အသိပေး ပိုစတာနှင့် ရှမ်းပြည်နယ် ရေချိုငါးလုပ်ငန်းဥပဒေပါ သတိပေး တားမြစ်ချက် ပိုစတာများကို အများပြည်သူ သိရှိနိုင်စေရေးအတွက် အသိပေးဆိုင်းဘုတ် စိုက်ထူ ပေးခဲ့ပြီး ရွှေလီမြစ်ကြောင်း တစ်လျှောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရှိရသည်။
သတင်းစဉ်


