မဘိမ်း      မေ     ၆        

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး နှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးအတွက် ရည်ရွယ်ပြီး ၂၀၂၂ ခုနှစ် မိုးရာသီအတွင်း သစ်ပင်များ စိုက်ပျိုးနိုင်ရန်၊ ဌာနဆိုင်ရာများနှင့် ဒေသတွင်းပြည်သူလူထုထံ ဖြန့်ဝေနိုင်ရန်အတွက် ပျိုးပင်ပေါင်း ၁၉၀၀၀ နှင့် အထူးပျိုးပင် ၅၅၀၀ ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။ 

 

မဘိမ်းမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာများနှင့် ဒေသတွင်းပြည်သူလူထုထံ ဖြန့်ဝေနိုင်ရန် အတွက် ကျွန်း ၆၅၀၀ ပင်၊ ပိတောက် ၁၀၀၀ ပင်၊ မန်ဂျန်ရှား ၇၀၀၀ ပင်၊ မယ်ဇလီ ၁၅၀၀ ပင်၊ လျှော်ဖြူ ၂၅၀၀ ပင်နှင့် စိန်ပန်းပြာ ၅၀၀ ပင်၊ စုစုပေါင်းပျိုးပင် ၁၉၀၀၀ ပင်တို့ကို မြို့နယ်အတွင်းရှိ မြို့မဘိနယ် ပျိုးဥယျာဉ်၊ ငါးအိုးဘိနယ်ပျိုးဥယျာဉ်၊ မအူကုန်း-မိုးလုံးဘိနယ် ပျိုးဥယျာဉ်နှင့် ကွန်းချောင်းဘိနယ် ပျိုးဥယျာဉ်တို့တွင် ပျိုးထောင်ထားရှိပြီး အထူးပျိုးပင်အနေဖြင့် ရေသင်းဝင် ၂၀၀၀ ပင်၊ ပန်းမယ်ဇလီ ၂၀၀၀ ပင်နှင့် ခရေ ၁၅၀၀ ပင်၊ စုစုပေါင်းပျိုးပင် ၅၅၀၀ ပင်တို့ကို ပျိုးထောင်ထားရှိကြောင်း သိရသည်။       

 

မျိုးမင်း (ပြန်/ဆက်)