မဘိမ်း နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ လျှော့ချနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များ၊ မြို့မဈေးအတွင်းရှိ ဈေးဆိုင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ထိုးနှံထားခြင်း ရှိ၊ မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို နိုဝင်ဘာ ၁၂ ရက် နံနက် ၈ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဟိန်းသူဝင်း၊ မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဦးဝင်းမြတ်ကျော်နှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ အဖွဲ့ဝင်များက လိုက်လံစစ်ဆေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံခြင်း အားဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှလျှော့ချနိုင်မည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ကူညီကြရန်နှင့် ကာကွယ်ဆေး မထိုးရသေးပါက ကာကွယ်ဆေးထိုးနှံပေးရာ စုရပ်တွင် ထိုးနှံကြရန် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
မိုးမိတ်သား(ခရိုင်ပြန်/ဆက်)


