မဘိမ်း   နိုဝင်ဘာ   ၂၃           

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sionpharm ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အဆောက်အအုံသစ်တွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

 

ထို့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးမထိုးမီ စာရင်း ပေးသွင်းခြင်း၊ အပူချိန်တိုင်းတာပေးခြင်းနှင့် သွေးထဲ အောက်ဆီဂျင်ပမာဏ တိုင်းတာပေးခြင်းတို့ကို ဦးစွာဆောင်ရွက်ပြီး ပုံမှန်အခြေအနေဖြစ်မှသာ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူ ၂၂၅ ဦးအား ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

 

မျိုးမင်း(ပြန်/ဆက်)