မဘိမ်း ဒီဇင်ဘာ ၁၉        

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ကုန်းခါးရပ်ကွက်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဒီဇင်ဘာ ၁၈ ရက် နံနက် ၁ဝ နာရီက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

 

ထိုသို့ ကွင်းဆင်း ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်သက်နိုင်နှင့် ဝန်ထမ်များက ရပ်ကွက်အတွင်းရှိ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ စိစစ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် အသစ်ထုတ်ပေးခြင်း လုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။

 

mdn

 

ပန်းခင်းစီမံချက်ဖြင့် ကုန်းခါးရပ်ကွက်တွင် နိုင်ငံသားလုပ်ငန်းများ ဆောင်ရွက်သူ ၂၂ ဦး၊ အိမ်ထောင်စု ဟောင်းနွမ်းပျက်စီး၍ အသစ်ပြုလုပ် ဆောင်ရွက်သူ ၂၃ ဦးနှင့် အိမ်ထောင်စု စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်သူ ၃၉ဝ ဦးတို့အား အိမ်ထောင်စု စိစစ်ပေးခြင်း၊ လဲလှယ်ပေးခြင်း၊ မွေးတိုး/သေဆုံး စာရင်းများ ပယ်ဖျက်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသော ရပ်ကွက်/ကျေးရွာများသို့လည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

 

မျိုးမင်း (ပြန်/ဆက်)