မဘိမ်း စက်တင်ဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးပေးခြင်းကို စက်တင်ဘာ ၈ ရက်နေ့က မြို့နယ်ပြည်သူ့ဆေးရုံ၊ ငါးအိုးတိုက်နယ်ဆေးရုံနှင့် မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာ ရေးဌာနခွဲများတွင် အခမဲ့စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါသံသယရှိသူ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ပြည်သူများကို နေ့စဉ်စစ်ဆေးဆောင်ရွက်ပေးနေပြီး ယခုအခါ မြို့နယ်အတွင်းရှိပြည်သူများ ပိုမိုအဆင်ပြေစေရန်အတွက် ကိုဗစ်-၁၉ ရောဂါ သံသယရှိသူ မည်သူ့ကိုမဆို အခမဲ့အဖြစ် အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် မြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများက ပုံမှန်စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိပြီး စက်တင်ဘာ ၈ ရက်နေ့က မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ နှင့်ပြည်သူများ စုစုပေါင်း(၆၈)ဦးအား RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိသူ အမျိုးသား (၉)ဦးနှင့် အမျိုးသမီး(၉)ဦး၊ စုစုပေါင်း(၁၈)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိလူနာများကို မြို့နယ်ပြည်သူ့ဆေးရုံနှင့် ငါးအိုးတိုက်နယ်ဆေးရုံတို့ရှိ သီး သန့်ကုသရေးစင်တာများတွင် ဆေးကုသမှုခံယူလျက်ရှိသည်။
ယခုကဲ့သို့ RDT Test Kit ဖြင့် စစ်ဆေးဆောင်ရွက်ပေးခြင်းအားဖြင့် ကိုဗစ်-၁၉ ရောဂါ ကြို တင်ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုနှုန်း အမှန်တကယ်ကျဆင်း မှု ရှိ/မရှိကို သိရှိနိုင်ရန်အတွက် စစ်ဆေးပေးခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာ နမှ တာဝန်ရှိဆရာမတစ်ဦးက ပြောသည်။
မဘိမ်းမြို့နယ်တွင် စက်တင်ဘာ ၈ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာပေါင်း (၄၂၁)ဦးရှိပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ(၁၈ဝ)ဦးနှင့် သေဆုံးသူ(၁၂)ဦးရှိပြီ ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ သိရသည်။
မျိုးမင်း (ပြန်/ဆက်)


