မဘိမ်း၊ ၂၁ ဇွန်               

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ်(၂/၂ဝ၂၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲ က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုင်းတင်ထွန်းဦး က ကွန်ပျူတာအခြေခံသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာ ဦးဇော်မင်းထွေးက ကွန်ပျူတာအခြေခံသင်တန်းတွင် သင်တန်းသား သင်တန်းသူများအား သင်တန်းတွင် သင်ကြားပို့ချပေးမည့် သင်ခန်းစာဘာသာရပ်များအကြောင်းကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 

အဆိုပါသင်တန်းအား ကျေးလက်နေလူငယ်များအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်း အထောက်အကူဖြစ်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ တစ်လတာ သင်ကြားပို့ချမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား သင်တန်းသူ(၃ဝ) တက်ရောက်သင်ကြားလျက်ရှိပြီး သင်ခန်းကြေးအခမဲ့ဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။  

 

မျိုးမင်း(ပြန်/ဆက်)