နေပြည်တော်  ၃ အောက်တိုဘာ

 

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၂ ရက်ညနေ ၅ နာရီတွင် မဘိမ်းမြို့နယ်၊ တုံကွာကျေးရွာအုပ်စု၊ တုံကွာ ကျေးရွာအနီး၊ တုံကွာ-စီပိန်းကျေးရွာသွား ကားလမ်းတွင် ထက်ရှိုင်း မောင်းနှင်ပြီး မအေးနန္ဒာရည်နှင့် ကျော်ဇေယျာတို့ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၅,၈၀၀ နှင့် လက်ကိုင်ဖုန်း တို့ကိုလည်းကောင်း။

 

အလားတူ ယင်းနေ့ညနေ ၆ နာရီခွဲက မိုင်းပန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မိုင်းပန်မြို့၊ အနောက်ရပ်ကွက်နေ မနန်းဆိုင်ဟန်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၆၇၀ နှင့် ငွေကျပ် ၁ ဒသမ ၂၂၉၅ သိန်းတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

(ရဲပြန်ကြား)