နေပြည်တော် ၁၂ အောက်တိုဘာ
ဗန်ကောက်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဘယ်လ်ဂျီယံ သံအမတ်ကြီး မစ္စတာ ဖိလစ်ပီ ကာရ်လ်ဒီကာ၏ နေရာတွင် မစ္စ စီအီးလ် ဒီ ကာတီယေး ဦးဗ် အား ခန့်အပ်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီးဖြစ်သည်။
မစ္စ စီဘီးလ် ဒီ ကာတီယေး ဒီဗ် အား ၁၉၇၈ ခုနှစ်၊ ဖေဖော်ဝါရီလ တွင် ဘယ်လ်ဂျီယံနိုင်ငံ၌ မွေးဖွားခဲ့သည်။ ၎င်းသည် ၂၀၀၀ ပြည့်နှစ်တွင် နိုင်ငံရေးသိပ္ပံအထူးပြု ဖြင့် မဟာဘွဲ့ကိုရရှိခဲ့ပြီး ၂၀၀၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ဘယ်လ်ဂျီယံနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နိုင်ရိုဘီ၊ ကီဂါလီနှင့် ဗီယင်နာမြို့များရှိ ဘယ်လ်ဂျီယံသံရုံးများနှင့် အဖွဲ့ရုံးတို့တွင် ရာထူးအဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အီဂျစ်နှင့် ဆူဒန်နိုင်ငံဆိုင်ရာ ဘယ်လ်ဂျီယံသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မစ္စ စီဘီးလ် ဒီ ကာတီယေး ဦးဗ် သည် ပြင်သစ်၊ အင်္ဂလိပ်၊ ဒတ်ချ်၊ စပိန်၊ အီဂျစ် နှင့် ဂျာမန်ဘာသာစကားတို့ကို တတ်ကျွမ်းသည်။
၎င်းသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သားသမီးနှစ်ဦး ရှိသည်။
သတင်းစဉ်


