ဓနုဖြူ ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ဗျင်းညားအလယ်ကျေးရွာအုပ်စု ကြံခင်းစု+ကနီတန်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် ကျေးရွာတွင်းလမ်းအား ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက ဇွန် ၇ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် မြို့နယ်ဦးစီးမှူးမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များအား လမ်းရေရှည်အသုံးပြုနိုင်ရေးနှင့် ပြုပြင်ထိန်းသိမ်းရမည့် နည်းလမ်းများအား အကြံပြုပြောကြားခဲ့သည်။
အဆိုပါ ကွန်ကရစ်လမ်းသည် အရှည်ပေ ၅၁၀၊ အကျယ် ၆ ပေ၊ ထု ၆ လက်မဖြစ်ပြီး မြစိမ်းရောင်စီမံကိန်း အတိုးရငွေ (၅၀)ရာခိုင်နှုန်းမှ ကျပ်သိန်း(၆၀)ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ချိုလွင်ထံမှ သိရသည်။
တေဇာလင်း