လေးမျက်နှာ၊ ၁၄ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် သခွတ်ချောင်းကျေးရွာအုပ်စု၊ ကျွန်းတဲကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာတွင် ဒီဇင်ဘာ ၁၃ ရက် နံနက် ၁၁ နာရီက မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ရွေးချယ်ခြင်း အခမ်းအနား ပြုလုပ်ခဲ့ကြောင်းသည်။
အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူက မြစိမ်းရောင်စီမံကိန်းကော်မတီ၀င်များမှ ကျေးရွာသူ၊ ကျေးရွာသားများ၏ သဘောဆန္ဒဖြင့် ရွေးချယ်ထားသော ကျေးရွာမြစိမ်းရောင်ကော်မတီ၀င် (၇)ဦးအား ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ဖွဲ့စည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဝေဝေ(လေးမျက်နှာ)


