ပြင်ဦးလွင်၊၂၀ မေ
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်ရရှိစေရေးနှင့် မိသားစုဝင်ငွေ တိုးပွားစေရေး မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစ၍ ယနေ့အထိ ကျေးရွာပေါင်း ၃၇ ရွာကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ထပ်တိုးဆောင်ရွက်ရန် လျာထားသည့် ပင်လိန်ရှေ့ကျေးရွာသို့ သွားရောက်ပြီး စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များဖြစ်သည့် ဦးသောင်းမြင့်သိန်းနှင့် ဗိုလ်မှူးပြည့်ဖြိုးဟန်တို့က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆန်းမင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းသည်။
ထို့နောက် အခမ်းအနား တက်ရောက်လာသည့် ကျေးရွာပြည်သူများထဲမှ ကော်မတီဝင်များကို အများသဘောဆန္ဒဖြင့် ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သတင်းရရှိသည်။
မင်းမြင့်မိုရ်(ကျေးလက်)


