တကောင်း ၁၂ အောက်တိုဘာ
မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် အမြတ်ငွေမှ တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေ ထပ်မံထုတ်ချေးပေးခြင်း အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ ဖုန်းကုန်းကျေးရွာတွင် ယနေ့နံနက်ပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ချေးငွေများကို တောင်သူများအနေဖြင့် မိမိတို့၏ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးပြုကြရန်နှင့် ချေးငွေများကို သတ်မှတ်ကာလတွင် ပေးသွင်းခြင်းဖြင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီဥက္ကဋ္ဌ ဦးဝေယံထွန်းမှ ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ယခင်ဇူလိုင်လဆန်းပိုင်မှ စိုက်ပျိုးစရိတ်ငွေအဖြစ် ထုတ်ချေးပေးထားသည့် ချေးငွေ (၃၉၂)သိန်းမှ (၃)လအတွင်း ကောက်ခံရရှိသည့် အတိုးငွေများအား တောင်သူ (၃၄)ဦးကို ထမ်မံချေးငွေ ထုတ်ပေးခဲ့ကြောင်း သိရသည်။
သီရိအောင် (ပြန်/ဆက်)


