နိုဝင်ဘာ ၁၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မာန်အောင်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန၏ မြစိမ်းရောင်(ငါးကဏ္ဍ) အရင်းမပျောက်မတည်ရံပုံငွေ ၅ ကြိမ်မြောက် ကျပ်ငွေ ၄၄.၃၃ သန်း ပြန်လည်ပေးအပ်ပွဲ အခမ်းအနားကို မာန်အောင်မြို့နယ် မျှော်တော်ဦးကျေးရွာ အလယ်တန်းကျောင်း၌ နိုဝင်ဘာ၁၇ ရက်နေ့ နံနက် ၉:၃၀နာရီတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးကြည်ဝင်းနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသက်ထွန်း၊ မြစိမ်းရောင်(ငါးကဏ္ဍ) ကော်မတီ ဥက္ကဋ္ဌ ဦးချစ်သိန်းနှင့်အဖွဲ့ဝင်များ၊ မျှော်တော်ဦးကျေးရွာရှိ ရေလုပ်သားများတက် ရောက်ကြ သည်။ ကျေးရွာနေပြည်သူများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကုန်ထုတ် လုပ်ငန်းလုပ်ကိုင်နိုင်ရေးနှင့် အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပြင်ကျေးရွာဖွံ့ဖြိုး ရေး လုပ်ငန်းများကိုလည်း ပိုမိုလုပ်ကိုင် ဆောင်ရွက်လာနိုင်မည် ဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊


